Blogger Templates
နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည်

Monday, June 3, 2013

ဆိပ်ကမ်းအာဏာပိုင်ရေယာဉ် မီးလောင်မှုဖြစ်

၃-၆-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ဆိပ်ကမ်းမြို့နယ်၊ မိသားစုရပ်ကွက်၊ သိမ်ဖြူဆိပ်ခံတံတားတွင် ရပ်နား ထားသော ဆိပ်ကမ်းအာဏာပိုင် pilot ကြိုပို့ စတီဗီဒို အမှတ်(၆) ရေယာဉ်အား ရေယာဉ်မှူး ဦးစိုးနိုင်(ဘ) ဦးမောင်စိန်၊ ရေယာဉ်သေးဌာနခွဲ၊ ဆိပ်ကမ်းအာဏာပိုင်နှင့် စက်ဆရာ ဦးဇော်ဝင်းအောင် (ဘ) ဦးတင်အောင် ၊ ရေယာဉ်သေးဌာနခွဲ၊ဆိပ်ကမ်းအာဏာပိုင်တို့(၂)ဦးမှ စက်ချို့ယွင်းမှုပြင်ဆင်နေစဉ် အိပ်ဇောပိုက်ပေါ်သို့ ကျသော ဒီဇယ်များမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး အင်ဂျင်အား လောင်ကျွမ်းသဖြင့် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့်၀၆၄၀အချိန်မီးငြိမ်းသွားခဲ့ပါသည်။

အငှားဆိုင်ကယ်ပြေးဆွဲသူများအား လူကုန်ကူးမှုစောင့်ကြည့်ရေး အသိပညာပေး


တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့မှ ဒုတိယရဲမှူး ရင်ရင်အေးသည် ဇွန်လ(၂) ရက်နေ့ နေ့လည်(၁)နာရီက မကာဟိုခမ်းရပ်ကွက့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ရပ်ရွာ အခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေး အသိပညာပေးသင်တန်းကိုပြုလုပ်ကြောင်း သိရသည်။

တာလောကြီးကျေးရွာမှ ဒေသခံရှမ်းတိုင်းရင်းသား (၂) ဦး KIA တပ်စခန်းမှ ပြန်လည် ထွက်ပြေး လွတ်မြာက်လာ

 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာမှ - -

၁။ မောင်မြထွေး (ခ) အထွေး- အသက် (၂၈)၊ ၁/မကန(နိုင်) ၁၉၈၈၆၀
အဖ- ဦးကျော်အေး ရှမ်း၊ ဗုဒ္ဓ ၊ (၅’၅”) တာလောရပ်ကွက် (၄) နှင့်

၂။ မောင်အောင်ဝင်း အသက် (၂၁) ၁/မကန(နိုင်) ၁၉၂၈၆၀
အဖ- ဦးကြာစိန် ရှမ်း၊ ဗုဒ္ဓ (၅’ ၆”) တာချယ်ကျေးရွာ - မှ

ဒေသခံရှမ်းတိုင်းရင်းသားနှစ်ဦးတို့သည် (၁.၆.၂၀၁၃)ရက်နေ့တွင် ကန်ပိုက်တည်လမ်းမှ တဆင့် မြစ်ကြီး နားမြို့သို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ မောင်မြထွေးနှင့် မောင်အောင်ဝင်း တို့သည် ရှေးတန်းတပ် လက်နက်ကြီးအဖွဲ့သို့ ပို့ရန်စီစဉ်နေချိန် အော်ရာဘွန်(KIA) တပ်စခန်း မှာ တွေ့ဆုံခဲ့ကြပြီး ဖုန်နွန်ယန်၊ ဂျာထူးခေါင်၊ လိုင်ဇာ၊ တရုတ်ကမ်း၊ တဟုတ်ဂျမ်း၊ တရုတ်ပြည်လမ်း-ကန်ပိုက်တည်လမ်းများအတိုင်း (၇)ရက်တိုင်တိုင် လမ်းတွင်တွေ့သော တရုတ်ငှက်ပျောသီးများကိုသာ စားသောက်ပြီး၊ပင်ပန်း ခက်ခဲစွာဖြင့် ပုန်းအောင်း တိမ်းရှောင် ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့လည်း ပြောပြပါသည်။ ထိုနှစ်ဦးအနက်-

"သမ္မတမိန့်ခွန်းပြောတဲ့ အခမ်းအနားသွားသူတွေကို ရဲတပ်ဖွဲ့က တားဆီး"



 ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အခမ်းအနားကို သမ္မတဦးသိန်းစိန် တက်ရောက်စဉ် သမ္မတကို ကြိုဆိုဖို့ သွားရောက်ကြတယ်ဆိုတဲ့ အိမ်မြေ သိမ်းဆည်းခံရသူ ၂၀၀ လောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။

တရုတ်၊ လာအို၊ မြန်မာ နှင့် ထိုင်း လေးနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် မူးယစ်ဆေးဝါး အမှု(၈၀၄)မှုနှင့် တရားခံ (၁၁၀၀)ဦး ဖမ်းဆီးရမိခဲ့


တရုတ်၊ လာအို၊ မြန်မာ နှင့် ထိုင်း လေးနိုင်ငံတို့ ဧပြီလအတွင်းက စတင်ပူးပေါင်းဆောင်ရွက်သည့် စီမံ ကိန်းကြောင့် မဲခေါင်မြစ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှု(၈၀၄)မှုနှင့် တရားခံ စုစုပေါင်း ဦးရေ(၁၁၀၀)ဦး ဖမ်းဆီးရမိနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သဘာဝကပေးတဲ့..... ဝက်ခြံပျောက်နည်း

   

     သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို နှိမ်နင်းပေးဖို့နည်း လမ်းတွေ ကြိုးစားပမ်းစား ရှာထားပေးပါတယ်။ ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။ သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုတဲ့စားစရာလေးတွေရဲ့ ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်း တို့ကိုလှအောင် ကူညီပေးမှာပါ။ အကုန်အကျ လည်းအများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်း လွယ်၊ ထိလည်းထိရောက် ဘယ်လောက်ကောင်းလဲနော်။ စမ်း ကြည့်ကြပါအုံး။

ပညာရေးဆိုင်ရာတွေမှာ အင်တာနက် အခမဲ့သုံးခွင့် ပေးမည်



တက္ကသိုလ်တွေနဲ့ စာကြည့်တိုက်တွေ အပါအ၀င် ပညာရေးဆိုင်ရာနေရာတွေမှာ အင်တာနက်ကို အခမဲ့သုံးခွင့် ပေးသွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်နေ့ ကျင်းပတဲ့ အင်တာနက်လွတ်လပ်ခွင့်ဖိုရမ်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ကောလဟလသတင်းကို တို့တောင်ကြီးသားတွေ ကာကွယ်ကြစို့....



         တောင်ကြီးနဲ့ အေးသာယာ မနီးမဝေးမှာ ဖြစ်နေတဲ့ ကောလာဟလ သတင်းလေးတွေကြောင့် တို့ တောင်ကြီးသူ တောင်ကြီးသားတွေ လူအများ စည်းရုံးခြင်း သွေးထိုးခြင်းမခံရအောင်လို့ သတင်း မှန်လေး ချပြပေးချင်တာပါ(ဒီကြားထဲ လားရှိုးက ဖြစ်သွားတော့ လားရှိုးဘက်ကို သတင်း မှန်တွေ တင်ပေးနေတာနဲ့ တောင်ကြီးကိစ္စကို ခုမှတင်ဖြစ်တာပါ)