တောင်ကြီးနဲ့ အေးသာယာ မနီးမဝေးမှာ ဖြစ်နေတဲ့ ကောလာဟလ သတင်းလေးတွေကြောင့်
တို့ တောင်ကြီးသူ တောင်ကြီးသားတွေ လူအများ စည်းရုံးခြင်း
သွေးထိုးခြင်းမခံရအောင်လို့ သတင်း မှန်လေး ချပြပေးချင်တာပါ(ဒီကြားထဲ လားရှိုးက ဖြစ်သွားတော့ လားရှိုးဘက်ကို သတင်း မှန်တွေ တင်ပေးနေတာနဲ့ တောင်ကြီးကိစ္စကို ခုမှတင်ဖြစ်တာပါ)
၂၉-၅-၂၀၁၃နေ့က မနက် ဆယ့်တစ်နာရီခွဲလောက်အချိန်မှာ တောင်ကြီးမြို့မဈေး
အနောက်ဘက် အပိုင်း(4)ဂုံးတံတားအောက်ဈေးဆိုင်တွေအနီးမှာ
ပြဿနာလေးဖြစ်ခဲ့တာကတော့ အေးသာယာမြို့မှာနေတဲ့ စက်မှုဇုံက ဗေဒင်ဟောတဲ့
စံကောင်းသစ်ဆိုတဲ့ပုဂ္ဂိုလ်က ဈေးထဲမှာ ``ဗုဒ္ဒဘာသာဈေးဝယ်များ
ဗုဒ္ဒဘာသာဈေးဆိုင်တွေမှာ အားပေးကြပါ´´ဆိုတဲ့ စကားကို
သုံးလေးခွန်းထအော်ပါတယ် ဒါနဲ့ပဲ မသင့်တော်တာတွေဖြစ်မှာ စိုးလို့ ရဲက
စခန်းခေါ်ပြီး မေးမြန်းခဲ့ပါတယ် ၊ လားရှိုးပြဿနာကလည်း ရှိနေတော့ တောင်ကြီးမှာ
ပြဿနာတက်ခံလို့မရတာနဲ့ ဒီလူကို စခန်းမှာ ထိန်းသိမ်းထားလိုက်ပါ တယ် ၊ ဒီလူက
အရင်က ဘုန်ကြီးပါ၊ ကျိုက်ထိုမြို့၊ မဲဘုန်းလေးအုပ်စု၊ မဲဘုန်းလေးရွာမှာ
(၈)၀ါ လောက်ဘုန်းကြီးဝတ်ပြီး ယာဉ်မှောက်လို့ ခြေပြတ်သွားတာနဲ့ လူဝတ်လဲပြီး
ဗေဒင်ဆရာ လုပ်နေသူပါ၊ တာချီလိတ်မှာ ဗေဒင်ဆရာလုပ်ပြီး အဆင်မပြေတာနဲ့
အေးသာယာရောက်လာ တာပါ ရောက်တာ တစ်ပတ်ပဲရှိသေးတယ် ၊ တောင်ကြီးကို များ
ဘာထင်လဲမသိဘူးနော် ။လာအော် တော့ တို့တောင်ကြီးကလူတွေက
လူအတွေမှမဟုတ်တာနော့်။
(ဘာမှ မဖြစ်အောင် ရဲက ထိန်းသိမ်းလိုက်ပါတယ် )
(ဘာမှ မဖြစ်အောင် ရဲက ထိန်းသိမ်းလိုက်ပါတယ် )
နောက်တစ်နေရာကတော့ ၂၉-၅-၂၀၁၃နေ့မှာပဲ နေ့လည် ၁၂နာရီလောက်ပေါ့
တောင်ကြီး သစ်တောရပ်ကွက်ထဲက ဘော်လုံးကွင်းတောင်ဘက် အောင်-ကားပစ္စည်းဆိုင်ကို ဘုန်းကြီးတစ်ပါးက အလှူခံရောက်လာတယ် ဆိုင်က အလှူငွေ ၂၀၀ိ ထည့်လိုက်တာကို ဘုန်းကြီးက``ဆိုင်ကို ရဟန်းများလာရောက် ဖျက်စီးလိမ့်မည်၊ မန်းတလေးမစိုးရိမ်ကျောင်းက ဟု ပြောသွားသတဲ့လေ´´ဒါနဲ့ ရဲက အဲဒီ ဘုန်းကြီးကို လိုက်ရှာတယ်၊ တွေ့တော့ မင်းကျောင်းဆရာတော်လက်ထဲအပ် လိုက်တာပေါ့၊ ဘုန်းကြီးနာမည်က ဦးသုမနတဲ့ (၂)၀ါ၊ အသက်က (၂၈)၊ သာသနာဝင်ကတ်မရှိဘူး၊ မှတ်ပုံတင်လည်းမရှိဘူး၊ ဒိုက်ဦး၊ ပျဉ်ပုံကြီးကျေးရွာကတဲ့လေ၊ ဘုန်းကြီးဖြစ်ပြီး လူမှတ်ပုံတင် ရဟန်းသာသနာဝင်ကတ်လည်းမရှိတော့ မြို့နယ်သံဃာ့ဥက္ကဌ ကိုယ်တိုင်ပဲ စစ်ဆေးမေးမြန်းပြီး ပြည်နယ်သာသနာရေးဦးစီးတို့ မြို့နယ်သာသနာရေးဦးစီးတို့ ရှေ့မှောက်မှာပဲ လူဝတ်လဲခိုင်းလိုက်ပြီး ပြစ်မှုပုဒ်မ ၂၉၅-ကနဲ့ သာသနာတော်ညိုးနွမ်းအောင်လုပ်တဲ့အတွက် အရေးယူ ပါတယ် ။

ဒီဖြစ်ရပ်နှစ်ရပ်ကို ကြည့်ခြင်းအားဖြင့် မိမိ ပြည်နယ် မြို့အတွင်းကမဟုတ်ဘဲ
အခြားတစ်ပါး က နေ တောင်ကြီးကို လာလာပြီး ပြဿနာရှာနေတာကို မြင်ရမှာပါ ဒါကြောင့် တို့ တောင်ကြီးဂရုလေးက တို့ တောင်ကြီးကို မပျက်စီးရအောင် ၀ိုင်းဝန်းစောင့်ရှောက်ဖို့ လိုပါတယ် မသကာင်္တာတွေ့ရင် ရဲစခန်းတွေကို ဖုန်းဆက်ပါ မည်သည့် ဆူပူမှုမျိုးကိုမှ အဖြစ်ခံလို့မရပါ ဟိုသတင်း ဒီသတင်း နဲ့ ကောလာဟလတွေကိုလည်း သိသမျှ တော့ ရှင်းပြသွားမှာပါ။
Taunggyi Group
Taunggyi Group
No comments:
Post a Comment