Blogger Templates
နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည်

Wednesday, May 28, 2014

အာဏာသိမ်းထိုင်းစစ်ခေါင်းဆောင်အား နိုင်ငံတော်သူရဲကောင်းအဖြစ် အဆိုတော်အက်ခရားပေါင်း သီချင်းသီဆိုဂုဏ်ပြု



ထိုင်းနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီး ၅ ရက်အကြာ အာဏာသိမ်း စစ်ခေါင်းဆောင်ကြီးအား နိုင်ငံ တော်သူရဲကောင်းအဖြစ် ဂုဏ်ပြုသည့် တေးသီချင်း တပုဒ်ကို ထိုင်းနာမည်ကြီးအဆိုတော် အက်ခ ရား ပေါင်းက ဂုဏ်ပြုရေးသားသီဆိုခဲ့ပါသည်။


တေးသီချင်းနာမည်အား အရည်အချင်း အမြော်အမြင် ဖြင့် ပြည့်စုံသော နိုင်ငံတော်သူရဲကောင်း ဟုအဓိပ္ပါယ် ရသည့် နားဝါးရတ်ထာ့ပုရုဒ် ဟုမှည့်ထားပါသည်။

ထိုင်းနိုင်ငံအား နိုင်ငံရေးအရှုပ်အထွေးကြားမှ ဆွဲထုတ်ပေးသူ ထိုင်းဘုရင့်ကြည်းတပ်မတော်မှ စစ်ဦးစီး ချုပ်၊ နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချားအတွက်ရည် ရွယ်၍ အဆိုပါသီချင်းအားဂုဏ်ပြု ရေးသားသီဆို ခဲ့ပြီး ဗိုလ်ချုပ်ကြီးအား လက်ဆောင်အဖြစ်ပေးအပ် ကြောင်း အဆိုတော် အက်ခရားပေါင်းက မေလ ၂၆ ရက်က ပြောဆိုပြီး ၎င်း၏သီချင်းကို ယူကျု ပေါ် တင် ဖြန့်ဝေခဲ့သည်။

သီချင်းစာသားတွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတော်အကြီးအကဲ (ဗိုလ်ချုပ်ကြီး ပရယုဒ်ဂျန်အိုးချား ) အပေါ်သာတည်မှီကြောင်း၊ ထိုင်းလူမျိုးများအား စစ်မှန်သောဒီမိုကရေစီ အကြောင်း သိရှိအောင်၊ ယခုကဲ့ နိုင်ငံရေးသမားများ၏ အသုံးပြုခံ ကျေးကျွန်အဖြစ် မကျရောက်အောင် ဒီမိုကရေစီစိတ်ဓါတ်ကို အမျိုးဘာသာယဉ်ကျေးမှုနှင့်တွဲဖက်ကာ သင်ကြားပေးသင့်ကြောင်းနှင့် ဒီမိုကရေစီ ပိုင်းဆိုင်ရာ ဝန်ကြီးဌာနလည်း ထပ်မံထားရှိသင့်ကြောင်း တိုက်တွန်းထားသည့် အဓိပ္ပါယ်များလည်း ပါရှိပါသည်။

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထောက်ခံသော ရှပ်နီအုပ်စုနှင့် ၎င်းအားဆန့် ကျင်သော အုပ်စုတို့ ပြိုင်ဆိုင်အာဏာလုမှုကြောင့် ပုံမှန်သွားလာလုပ်ကိုင်သည့် ထိုင်းလူထုအကြား အနှောင့်အယှက်ဖြစ်ခြင်း ၊ နှစ်ဖွဲ့ကြား ယှဉ်ပြိုင်ဆန္ဒပြ မှုကြောင့် ထိုင်းလူထု သေကြေဆုံးရှုံးမှုရှိခြင်း၊ စေ့စပ် ညှိနှိုင်းပေးမှုအပေါ် ပြေလည်မှုမရှိခြင်းတို့ကြောင့် မေလ ၂၂ ရက်က ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချား ဦးဆောင်သည့် ထိုင်းတပ်မတော်က အာဏာသိမ်း လိုက်ခြင်းဖြစ်ပါသည်။

#သျှမ်းသံတော်ဆင့်

No comments:

Post a Comment