တက္ကသိုလ်တွေနဲ့ စာကြည့်တိုက်တွေ အပါအ၀င် ပညာရေးဆိုင်ရာနေရာတွေမှာ
အင်တာနက်ကို အခမဲ့သုံးခွင့် ပေးသွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဒုဝန်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်နေ့ ကျင်းပတဲ့
အင်တာနက်လွတ်လပ်ခွင့်ဖိုရမ်မှာ ထုတ်ဖော်ပြောဆိုပါတယ်။
ဆက်သွယ်ရေးဥပဒေကြမ်း အတည်ပြုပြီးရင် မိုဘိုင်းဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှု
ပေးတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီတွေ အပြိုင်အဆိုင်
လုပ်ကိုင်လာကြမှာဖြစ်ပြီး အဲဒီ အချိန်ကျရင် ပြည်သူတွေလည်း အလွန်ချိုသာတဲ့
ဈေးနှုန်းနဲ့ အင်တာနက်သုံးနိုင်မှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ဒါတင်မက လက်ရှိ မြန်မာ့ဆက်သွယ်ရေးက ကောက်ခံနေတဲ့ တယ်လီဖုန်းပြောဆိုခ ၁
မိနစ် ကျပ် ၅၀ ဟာ များနေပြီး နောက်ပိုင်း အပြိုင်အဆိုင်
လုပ်ကိုင်လာချိန်ကျရင် ဒီထက် လျော့ချပေးသွားမယ်လို့ သူက ပြောပါတယ်။
DVB
No comments:
Post a Comment