Blogger Templates
နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည်

Monday, June 2, 2014

အကျိုးအမြတ်အဖြစ် နိုင်ငံတော်သို့ တစ်လ ကျပ်သိန်း ၃၀၀ စတင်ပေးသွင်း




ပျမ်းမျှ တစ်လကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်ဝင်ငွေရှိသော Sky Net မှ အကျိုးအမြတ်အဖြစ် နိုင်ငံတော်သို့ တစ်လ ပျမ်းမျှ ကျပ်သိန်း ၃၀၀ ၀န်းကျင်သာ စတင်ပေးသွင်းကြောင်း မေ ၃၀ ရက်က ပြုလုပ်သော ပြန်ကြားရေး ၀န်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့သည်။

နိုင်ငံတော်သို့ ၂၀၁၀ မှစ၍ သုံးနှစ်ဆက်တိုက် အကျိုးအမြတ်ပေးရန် မလိုဘဲ Sky Net သို့ ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း၊ ကင်းလွတ်ခွင့် သုံးနှစ်ပြည့်သွားသည့်အတွက် ယခုအခါ နိုင်ငံတော်သို့ အကျိုးအမြတ် စတင်ပေးသွင်းသည်မှာ ရှစ်လရှိပြီဖြစ်ကြောင်း သိရသည်။

ကင်းလွတ်ခွင့်ကာလ ပြီးဆုံးပြီး ၂၀၁၃ ခုနှစ် ဇူလိုင်မှ ၂၀၁၄ မတ်အထိ ရှစ်လအတွက် ကြည့်ရှုသူများထံမှ ငှားရမ်းကြည့် ရှုခ၀င်ငွေများနှင့် ကြော်ငြာခ၀င်ငွေများအနက် အခွန်ပေးဆောင်ပြီး ကျန်ရှိသည့် ငွေကြေးမှ လေးရာခိုင်နှုန်းအတွက် ကြိုတင်ငွေပေးသွင်းမှုအဖြစ် တစ်လလျှင်သိန်း ၃၀၀ နှုန်းဖြင့် ရှစ်လစာ ကျပ် ၂၄၀၈ သိန်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သို့ ပေးသွင်းထားပြီးဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လအခွန်ကြီးကြပ် ကာလတွင် သတ်မှတ်ထားသော အခွန်အခများ အတိအကျ တွက်ချက်ရရှိပြီးပါက လိုအပ်ငွေကို ထပ်မံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး၌ Sky Net ရုပ်သံ စက်အလုံးရေ မည်မျှတပ်ဆင်ထားကြောင်းကိုမူ ပြန်ကြားရေးမှ မသိရှိကြောင်း မေ ၃၀ ရက် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

လေ့လာစုံစမ်းထားမှုများအရ မြန်မာနိုင်ငံတွင် Sky Net အလုံးရေ ၅၀၀၀၀၀ ၀န်းကျင်အထိ ဖြန့်ဖြူးထားပြီး ဖြစ်ကြောင်း (အလုံးရေ အတိအကျကို Sky Net မှလည်း မေးမြန်းစဉ်က ပြန်လည်ဖြေကြားမှုမပြုခဲ့၍ အတိအကျမ သိရဘဲ ၎င်းပမာဏထက် ပိုမိုများနိုင်) သိရသည်။

ပြည်သူများထံမှရသည့် လစဉ်ကြေး၊ ကြော်ငြာခမှရသည့် ၀င်ငွေများအား စုပေါင်း၍ စက်တစ်လုံးလျှင် ပျမ်းမျှလစဉ် ကျပ် ၁၀၀၀၀ သာဝင်သည့်နှုန်းဖြင့် တွက်လျှင်ပင် Sky Net အနေဖြင့် လစဉ်ကျပ်သိန်းပေါင်း ၅၀၀၀၀ ၀န်းကျင် ၀င်ငွေရရှိနေပြီ ဖြစ်သည်။

ရွှေသံလွင်ကုမ္ပဏီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ချုပ်ဆိုထားသည့် စာချုပ်အရ လုပ်ငန်းပထမ သုံးနှစ်ကာလအား Grace Period ကာလသတ်မှတ် ပေးထားသော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရွှေသံလွင်အနေဖြင့် ကုန်သွယ်ခွန်နှင့် ၀င်ငွေခွန်များကို ဘဏ္ဍာရေး ၀န်ကြီးဌာန၏ စည်းကြပ်မှုအတိုင်း ပေးသွင်းထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ကြိုတင်အခွန်ငွေအဖြစ် ကျပ်သိန်း ၃၀၀၀ ကျော်ကို ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ ပေးသွင်းထားပြီး ယခုနှစ်ဇွန်လ အခွန်စည်းကြပ်ကာလတွင် သတ်မှတ်ထားသော အခွန်အခများကို ထပ်မံပေးသွင်း သွားမည်ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောကြားသည်။ အခွန်ပေးဆောင်ထားသည် ဆိုသော်လည်း လွန်ခဲ့သည့် နှစ်နှစ်ဆက်တိုက် ထုတ်ပြန်ထားသော ထိပ်တန်းအခွန်ထမ်း စာရင်းတွင် Sky Net တည်ထောင်ထားသော ရွှေသံလွင်မီဒီယာ၏ အမည်မှာ ပါဝင်လာခြင်း မရှိခဲ့ပေ။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း ဥပဒေအရ ရုပ်သံမီဒီယာများနှင့် ဆက်စပ်ချုပ်ဆိုခဲ့သော စာချုပ်များပါအတိုင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ နိုင်ငံတော်မှရရှိရန် အကျိုးအမြတ်ပေးသွင်းမှုများကို စနစ်တကျစိစစ် ကြပ်မတ်ရန်အတွက် ဒုတိယ၀န်ကြီး ဦးဆောင်သော Broadcast Governing ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး စာချုပ်များပါအတိုင်း သက်ဆိုင်ရာ ရုပ်သံမီဒီယာများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ငွေပေးသွင်းမှုများကို ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ချုပ်ဆိုထားသော စာချုပ်များကို နောင်တွင်ဖြစ်ပေါ်လာနိုင်သော အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန်နှင့် ခေတ်နှင့်လိုက်လျောညီထွေသော စာချုပ်များ ဖြစ်ပေါ်လာစေရေးအတွက် ပြင်ဆင်ဖြည့်စွက် စာချုပ်မူကြမ်းများကိုလည်း ဆောင်ရွက်ထားရှိပြီး လာမည့်ဇွန်လအတွင်းတွင် ပြင်ဆင်ဖြည့်စွက်ထားသော စာချုပ်မူကြမ်းများအား သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ပြီး စာချုပ်သစ်များ အမြန်ဆုံး ပြန်လည်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုရှင်းလင်းပွဲတွင် Sky Net နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေသည် ယခင်စစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စာပေကင်ပေတိုင်အဖြစ် အမည်တွင်ခဲ့သူဖြစ်ပြီး ယခုတိုင် ၀ါဒဖြန့်ချိရေး ဆောင်းပါးများ ရေးသားလေ့ရှိသူဖြစ်သည်။
Eleven Media Group
(မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ)

Wednesday, May 28, 2014

ရေကြောင်းလုံခြုံရေး ဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပိုမိုပူးပေါင်း လုပ်ဆောင်နိုင်ရန် ဂျပန်တပ်မတော် မျှော်လင့်

ဂျပန်တပ်မတော်က မြန် မာ့တပ်မတော်နှင့် ရေကြောင်းလုံ ခြုံရေး၊ဘေးအန္တရာယ်ကယ် ဆယ်ရေး အပါအ၀င် ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် မျှော်လင့် ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ရှီဂဲယုအီဝါဆာကီက ပြောကြားလိုက်သည်။

ဥပဒေကို ဘယ်တုန်းကမှ ချိုးဖောက်ခဲ့ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်





 ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်ကို စိန်ခေါ်ကာ ဟောပြောချက် များသည်  ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင်ကို ကျာ်နေပြီဟုသတိပေးချက် အပေါ် ဒ်ါအောင်ဆန်း စုကြည်က သူမအနေဖြင့် ဥပဒေကို ချိုးဖောက်ဖူးခြင်း မရှိဟု ပြန်လည်တုံ့ပြန်သည်။

ပုရိသတွေ အကြိုက်တွေ့ခဲ့တဲ့ ဟော်လန်က ကမ္ဘာ့ဖလားပြိုင်ပွဲ







၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကြိုဆိုတဲ့အနေနဲ့ ဟော်လန်နိုင်ငံမှာ ဘောလုံး ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ ပါတယ်။

အာဏာသိမ်းထိုင်းစစ်ခေါင်းဆောင်အား နိုင်ငံတော်သူရဲကောင်းအဖြစ် အဆိုတော်အက်ခရားပေါင်း သီချင်းသီဆိုဂုဏ်ပြု



ထိုင်းနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီး ၅ ရက်အကြာ အာဏာသိမ်း စစ်ခေါင်းဆောင်ကြီးအား နိုင်ငံ တော်သူရဲကောင်းအဖြစ် ဂုဏ်ပြုသည့် တေးသီချင်း တပုဒ်ကို ထိုင်းနာမည်ကြီးအဆိုတော် အက်ခ ရား ပေါင်းက ဂုဏ်ပြုရေးသားသီဆိုခဲ့ပါသည်။

Monday, June 3, 2013

ဆိပ်ကမ်းအာဏာပိုင်ရေယာဉ် မီးလောင်မှုဖြစ်

၃-၆-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ဆိပ်ကမ်းမြို့နယ်၊ မိသားစုရပ်ကွက်၊ သိမ်ဖြူဆိပ်ခံတံတားတွင် ရပ်နား ထားသော ဆိပ်ကမ်းအာဏာပိုင် pilot ကြိုပို့ စတီဗီဒို အမှတ်(၆) ရေယာဉ်အား ရေယာဉ်မှူး ဦးစိုးနိုင်(ဘ) ဦးမောင်စိန်၊ ရေယာဉ်သေးဌာနခွဲ၊ ဆိပ်ကမ်းအာဏာပိုင်နှင့် စက်ဆရာ ဦးဇော်ဝင်းအောင် (ဘ) ဦးတင်အောင် ၊ ရေယာဉ်သေးဌာနခွဲ၊ဆိပ်ကမ်းအာဏာပိုင်တို့(၂)ဦးမှ စက်ချို့ယွင်းမှုပြင်ဆင်နေစဉ် အိပ်ဇောပိုက်ပေါ်သို့ ကျသော ဒီဇယ်များမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး အင်ဂျင်အား လောင်ကျွမ်းသဖြင့် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့်၀၆၄၀အချိန်မီးငြိမ်းသွားခဲ့ပါသည်။

အငှားဆိုင်ကယ်ပြေးဆွဲသူများအား လူကုန်ကူးမှုစောင့်ကြည့်ရေး အသိပညာပေး


တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့မှ ဒုတိယရဲမှူး ရင်ရင်အေးသည် ဇွန်လ(၂) ရက်နေ့ နေ့လည်(၁)နာရီက မကာဟိုခမ်းရပ်ကွက့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ရပ်ရွာ အခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေး အသိပညာပေးသင်တန်းကိုပြုလုပ်ကြောင်း သိရသည်။