ဒီပြိုင်ပွဲကို ပရိသတ်တွေလည်း တော်တော်စိတ်ဝင်စားခဲ့ပါတယ်။ အထူးသဖြင့် ပုရိသပရိသတ်တွေက ပိုပြီး စိတ်ဝင် စားခဲ့ကြပါတယ်။
တစ်သင်းမှာ လေးဦးစီပါဝင်ပြီး လှပတဲ့အမျိုးသမီးငယ်တွေက အတွင်းခံသာ
ဝတ်ဆင်ပြီး ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ ဖလားအကြို ဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။
ဒီနေရာမှာကံ အကောင်းဆုံးဖြစ်ခဲ့သူကတော့ ဟော်လန်ကစား သမားဟောင်း ဗန်ဒါမေဒီပါ။
ဗန်ဒါမေဒီက ဒိုင်လူကြီး အဖြစ်ဆောင်ရွက်ပြီး ပြိုင်ပွဲဝင်တွေနဲ့ စကားတွေပြော
ဓာတ်ပုံတွေရိုက်နဲ့ အနီးကပ်ဆုံးနေရာမှာ ရှိနေခဲ့လို့ အားကျစရာတောင်
ဖြစ်ခဲ့ရပါတယ်။
ဒီပြိုင်ပွဲမှာ ဟော်လန်အသင်းက ဘရာဇီးကို အနိုင်ယူပြီး ချန်ပီယံဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။
ဗန်ပါစီဦးဆောင်တဲ့ ဟော်လန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်လိုလာမလဲဆိုတာကိုတော့ . . .
ရည်ညွှန်း ဒေးလီးမေးလ်
Ref: dailymail
Mizzima - News in Burmese






No comments:
Post a Comment