Blogger Templates
နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည်

Wednesday, May 28, 2014

ရေကြောင်းလုံခြုံရေး ဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပိုမိုပူးပေါင်း လုပ်ဆောင်နိုင်ရန် ဂျပန်တပ်မတော် မျှော်လင့်

ဂျပန်တပ်မတော်က မြန် မာ့တပ်မတော်နှင့် ရေကြောင်းလုံ ခြုံရေး၊ဘေးအန္တရာယ်ကယ် ဆယ်ရေး အပါအ၀င် ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် မျှော်လင့် ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ရှီဂဲယုအီဝါဆာကီက ပြောကြားလိုက်သည်။

ထို့ပြင် မြန်မာနိုင်ငံခရီးစဉ် အတွင်း နေပြည်တော်စစ်သမိုင်း ပြတိုက်တွင်လေ့လာစဉ် ဗိုလ်ချုပ် အောင်ဆန်း
 နှင့် ၎င်းကို ကူညီခဲ့ သည့် ဂျပန်လူမျိုးများကြား နက် ရှိုင်းစွာချည်နှောင်ထားသောသံယောဇဉ်များနှင့် နှစ်နိုင်ငံ
ကြားက တူညီသည့် အကြောင်းအရာများ ကို သတိပြုမိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှိ ဂဲယုသည် မေလ ၂၆ မှ ၂၈ ရက် အထိ သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်တွင်
 နေပြည်တော်၌  မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန် တို့နှင့်
 တွေ့ဆုံခဲ့သည်။ ရန်ကုန်မြို့သို့ မေလ ၂၈ ရက်က ရောက်ရှိခဲ့ပြီး ဂျပန်စစ် သားများ မြှုပ်နှံထားရာ ရဝေးရှိ 
ဂျပန်စစ်သင်္ချိုင်းသို့ သွားရောက် ခြင်း၊ ရွှေတိဂုံစေတီတော်သို့ သွားရောက်ကြည်ညိုခြင်းတို့ ပြုလုပ်ခဲ့ သည်။

‘‘ဂျပန်နဲ့မြန်မာဟာ မိတ် ဆွေကောင်းလည်းဖြစ်သလို မိတ် ဆွေသစ် လည်းဖြစ်တယ်။ မိတ် ဆွေဟောင်းဆို ရတာက မြန်မာ နိုင်ငံက လွတ်လပ်ရေးရပြီး တိုင်း ပြည်ထူထောင်တဲ့အခါမှာ ဂျပန် က နက်နက်ရှိုင်းရှိုင်း ပါဝင် ပတ် သက်ခဲ့လို့ဖြစ်တယ်။ မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၀ မှာ ဂျပန်ကိုလာရောက်ပြီး စစ် ပညာကို သင်ယူခဲ့တယ်။ အဲဒီ နောက်မှာတော့ ဗမာ့လွတ်လပ် ရေး တပ်မတော် ကို တည်ထောင် ခဲ့တယ်’’ ဟု ဗိုလ်ချုပ်ကြီး ရှီဂဲယု က ပြောသည်။

ဂျပန် မြန်မာနှစ်နိုင်ငံသည် အကြောင်း ကြောင်းကြောင့် ဆက်ဆံရေး အခိုက်အတန့် အဆက် ပြတ်သွား
 သော်လည်း လက်ရှိ ဒီမိုကရေစီဖော်ဆောင်နေသည့် မြန်မာနိုင်ငံထံ ၎င်းအနေဖြင့် ပထမဆုံးအကြိမ် လာရောက်လည်ပတ် ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှစ် ရပ်၏ ဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် တိုးတက် လာအောင် လုပ်ဆောင်နိုင်ရန် အလေးအနက် မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ်နှစ်နိုင်ငံတပ်မတော် ကြား ချစ်ကြည်ရေး 
ခရီးစဉ်များ အပါအ၀င် နည်းလမ်းပေါင်းစုံဖြင့် ဆက်ဆံရေးတိုးမြှင့်သွားမည်ဟု ပါရှိရာ မြန်မာကာချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကိုလည်း ဂျပန်နိုင်ငံသို့လာရောက်လည် ပတ်ရန် ပြန်လည်ဖိတ်ခေါ်ခဲ့ဖွယ် ရှိနေသည်။

ဂျပန်စစ်ဦးစီးချုပ်၏ ယခု ခရီးစဉ်မှာ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက် ပထမဆုံး အကြိမ် ဂျပန် စစ်ဘက်ထိပ်တန်း အရာရှိတစ်ဦး လာရောက်ခြင်းဖြစ်ပြီး ဂျပန်တပ် မတော်သည် ငလျင်၊ ဆူနာမီစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး လုပ်ငန်းများတွင် အတွေ့အကြုံပြည့်ဝသည့် တပ်မ တော်ဖြစ်ရာ မြန်မာအပါအ၀င် အာဆီယံဒေသတွင်း လက်တွေ့ အထောက်အပံ့ပေးရေး အစီအ စဉ်များကို အကောင်အထည်ဖော် ရန် အလားအလာရှိနေသည်။

ဂျပန်−မြန်မာနှစ်နိုင်ငံ တပ်မတော် ချစ်ကြည်ရင်းနှီးမှုမှာ အာဆီယံဒေသတွင်း နိုင်ငံများ၏ တည် ငြိမ်အေး ချမ်းမှုကိုလည်း အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း စစ်ဦးစီးချုပ်ကခရီးစဉ် အပြီးထုတ်ပြန် သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်နှင့်ဇနီး မေလ ၂၈ ရက်ကရွှေတိဂုံစေတီတော်သို့ တက်ရောက် ဖူးမြော်ခိုက် ရေသပ္ပာယ်နေသည်ကိုမြင်ရစဉ်
 (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

7Day Daily

No comments:

Post a Comment